top of page

သင်သိပါသလား။

  • Writer: Henary Cob
    Henary Cob
  • Sep 27, 2021
  • 1 min read

18 September 1973


ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အမေရိကန်သမ္မတဂျော့ခ်ျဝါရှင်တန်က ဝါရှင်တန်ဒီစီရှိ Capitol အဆောက်အအုံ၏အုတ်မြစ်ချခဲ့ပါတယ်။

ဂျော့ချ်ဝါရှင်တန်သည် အမေရိကန်ပြည်ထောင်စု၏ပထမဦးဆုံး သမ္မတဖြစ်သည်။ အမေရိကန် ပြည်သူလူထုကလည်းကောင်း၊ အခြားတိုင်းတစ်ပါးတို့ကလည်းကောင်း ဂျော့ဝါရှင်တန်ကို 'အမေရိကန်နိုင်ငံ၏ဖခင်' ဟူသော ဘွဲ့အမည်ဖြင့် ကင်ပွန်းတပ်ခေါ်လေ့ရှိကြသည်။

၁၉၇၀ တွင် သမ္မတ ဝါရှင်တန်က နိုင်ငံ၏ မြို့တော်အဖြစ် တည်ဆောက်ရန် ယခု ကိုလံဘီယာခရိုင် (District of Columbia) ရှိ နေရာကိုရွေးချယ်ခဲ့သည်။ ပြင်သစ်အင်ဂျင်နီယာ ပရဲယား ချားလ်စ် အယ်လ် အန်ဖန့်က မြို့တော်အသစ်အတွက် အစီစဉ်ရေးဆွဲပေးခဲ့ကာ ကာပီတယ်လ်အဆောက်အအုံနေရာကို ကုန်းမြင့်တစ်ခု၌ ရာထားပေးခဲ့ကာ ထိုကုန်းမြင့်ကို ထိုခေတ်က ဂျက်ကင်စ်ကုန်း (Jenkins' Hill) ဟု ခေါ်တွင်ခဲ့သည်။ ယခု၌ ကာပီတယ်လ်ကုန်းဟူ၍ ရည်ညွှန်းခေါ်ဝေါ်ကြသည်။


ကာပီတယ်လ် အဆောက်အအုံ

မူလအဆောက်အအုံကို ၁၇၉၃ တွင် စတင်တည်ဆောက်ခဲ့ကြကာ အဆောက်အအုံကို ၁၈၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ ၁၈၁၄ ဝါရှင်တန်မြို့တိုက်ခိုက်ခံရမှုတွင် တစ်စိတ်တစ်ပိုင်းပျင်စီးသွားခဲ့၍ ငါးနှစ်အတွင်း ပြည်လည် ကောင်းမွန်စေရန် ပြုပြင်ခဲ့ကြရသည်။ ယင်းနောက်ပိုင်း၌ အဆောက်အအုံကို ထမ်မံတိုးချဲ့ခဲ့ကြရာ အလွန်ကြီးမားသော ခေါင်မိုးအခုံး၊ တိုးချဲ့ဘေးထုတ်ဆောင်များဖြင့် ကြီးမားကျယ်ပြန့်လာခဲ့သည်။ တိုးချဲ့ဘေးထုတ်ဆောင်များတွင် ကျယ်ဝန်းသော အဆောင်ကြီးနှစ်ခုလည်းပါရှိရာ ၎င်းတို့မှာ တောင်ဘက်အဆောင်သည် အောက်လွှတ်တော် (House of Representatives) နှင့် မြောက်ဘက်ဆောင်သည် အထက်လွှတ်တော် (Senate) တို့အတွက် ဖြစ်ကြသည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များ၏ အဆောက်အဦများကဲ့သို့ ကာပီတယ်လ်ကို ဂန္ထဝင်ခေတ်သစ်ပုံစံအသွင်ဖြင့် တည်ဆောက်ခဲ့၍ အပြင်ဖက်ပိုင်း၌ အဖြူရောင်သုတ်လိမ်းထားသည်။ အရှေ့ဖက်နှင့် အနောက်ဖက်နှစ်ခုစလုံးသည် အဆောက်အအုံ၏ မျက်နှာစာများဖြစ်ကြပြီး အရှေ့ဖက်မျက်နှာစာတစ်ခုကိုသာလျှင် ဧည့်သည်များနှင့် ဂုဏ်သိက္ခာရှိသောသူများအတွက် ဝင်ရောက်ရန်ထားရှိသည်။

コメント


Post: Blog2_Post
  • Facebook
  • Twitter
  • LinkedIn

©2021 by Today in history. Proudly created with Wix.com

bottom of page